Title.
Picture
Click here to edit.
Window Genius menual removal
Picture
ကဲ internet ချိတ်ပြိး အော်တို update ပေးထားရင် တက်တက်လာတတ်တဲ့ window genius ဆော့ဝဲကို Rum မိတော့ 15မိနစ်တစ်ခါလောက် restart လာလာတောင်းတတ်တယ်ဗျ။ အဲ့တော့ စိတ်ရှုပ်ဖို့ကောင်းတယ်။ အရင်တုန်းကတော့ ဒီ software ကတော်တော်လေးကောင်းပါတယ်။
အခုတော့ ဘာမှအသုံးမ၀င်သလိုဖြစ်နေတဲ့အပြင် အလုပ်လဲ ရှုပ်လာတယ်ဗျ ။အဲ့ဒါကို Remove လုပ် ချင်ရင်လဲအလွယ်လုပ်လို့မရဘူးလေ။အခုတော့ manual နည်းလမ်းတစ်ခုရလိုက်တယ်။ လွယ်ပါတယ်။
Start  ထဲက Run Box အားခေါ်ပါ။ ပြီးရင် CMD လို့ရိုက်ပါ။။။
အဲ့မှာ Command box တစ်ခုတက်လာပါလိမ့်မယ်။။။။။ တက်လာရင် ဒီစာလေးကို copy ကူးပြီး command box ထဲမှာ Right click > paste
ပေးပါ။။ ဒါပြီးရင် Restart ချပါ ။ အကုန်အဆင်ပြေသွားပါလိမ့်မယ်။။။။
Copy ကူးရန်..
CD %systemroot%\system32
rename wgatray.exe wgatray.exe.bak
rename wgalogon.dll wgalogon.dll.bak
rename LegitCheckControl.dll LegitCheckControl.dll.bak
taskkill /F /T /IM wgatray.exe
del wgatray.exe.bak
del wgalogon.dll.bak
del LegitCheckControl.dll.bak
Mobile wallpaper လေးတွေပါ..
Download
Downlod
mobile_wallpaper.rar
File Size: 4913 kb
File Type: rar
Download File
Internet Download Mananger Full Version
Picture
Internet Download Mananger Full version Software လေးပါ။။ ဒေါင်းလော့ဆွဲနေကြသောသူငယ်ချင်းများအဆင်ပြေစေရန်အတွက်
အပြေးအလွား upload တင်ပေးထားပါတယ်။။။ အဆင်ပြေကြပါစေခင်ဗျာ
http://rapidshare.com/files/406858030/IDman.rar
Image လေးတွေ Icon အဖြစ်ပြောင်းလဲခြင်း
Picture
Image လေးတွေ Icon အဖြစ်ပြောင်းလဲလို့ရပါပြီ။ ဒါပေမယ့် Trial Version လေးဖြစ်နေတာတစ်ခုလေးသာအပြစ်ပြောစရာရှိပါတယ်။ 1.1mb လေးသာရှိသော  Software လေးသာဖြစ်ပါတယ်။ အားလူံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
any2icon.exe
File Size: 1172 kb
File Type: exe
Download File
3D Font အရမ်းအသုံးဝင်တဲ့ 3D Font လုပ်ပေးနိုင်မယ့် Software လေးတစ်ခုပေါ့။
သုံးနည်းက ပြောစရာမလိုအောင် လွယ်ပါတယ်။ PNG type အဖြစ် နောက်ခံမပါတဲ့ (transparent image) ကိုပါ ထုတ်ပေးနိုင်တဲ့အတွက် ဒါနဲ့ရေးပြီး ကြိုက်တဲ့ နေရာမှာ ပြန်သုံးနိုင်ပါတယ်။ ဓါတ်ပုံ file type လေးမျိုးအပြင်၊ Animation အဖြစ် swf ဖိုင်နဲ့လည်း ထုတ်ပေးနိုင်ပါတယ်။ ဒီဇိုင်းအတွက် အရမ်းကို အသုံးဝင်ပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါ ….
Download From Mediafire (3D Text Commander v3.0 Portable)
Download From iflre (3D Text Commander v3.0 Portable) ကိုသံလုံငယ်ဆီမှတဆင့် တင်ပြခြင်းဖြစ်ပါသည်။
WEB Page အား PDF အဖြစ်ပြောင်းလဲခြင်း
Picture
ကျွန်တော်တို့ website တွေကို အင်တာနက်မရှိတဲ့နေရာတွေကိုဖတ်ခြင်လို့ပဲဖြစ်ဖြစ်။တစ်ချို့ photoshop အကြောင်းလေးတွေ။ ကွန်ပျူတာအကြောင်းလေးတွေကို အချိန်မရွှေးပြန်ဖတ်ပြီးလေ့လာလို့ရအောင် PDF အဖြစ်ပြောင်းလဲသိမ်းထားရင် အချိန်မရွှေးပြန်ဖတ်လို့ရတာပေါ့
တစ်ချို့တွေက Cyber တွေမှာသူံးရတာဆိုတော့ အချိန်က ရှိတယ်လေ။ အဲ့တော့ကိုတွေ့တာလေးကို PDF ပြောင်းပြီး အိမ်ရောက်မှ အေးအေးဆေးဆေးဖတ်တာ ပိုအဆင်ပြေတာပေါ့။လုပ်နည်းကလွယ်ပါတယ်။
http://download.print-driver.com/udc.zip 
ဒါလေးကို Download လုပ်လိုက်ပါ။ပြီးရင် install တင်လိုက်ပါ။
ှု(အသုံးပြုပုံ)
1. File > print
2.printerေ၇ွှးတဲ့နေရာမှာ Universal Document Converter ဆိုတာလေးကိုရျွှေုးပြီး Ok ပေးပါ။ Save ရန်နေရာရွှေးပေးပါ။ အဆင်ပြေကြပါစေခင်ဗျာ...
Disk ကိုကြိုက်ရာ icon Change ခြင်း
Picture
သူငယ်ချင်းတို့ရေ mp4 လေးတွေ Stick လေးတွေ ကိုကွန်ပျူတာကို တပ်လိုက်ရင် ကို Stick လေးကို ကြိုက်ရာ icon ပုံထားလို့ရတယ်လေ။
လူပ်ကြည့်လိုက်ရအောင်နော်။ လွယ်ပါတယ်
အရင်ဆုံး notepad ကိုခေါ်ပါ။
ပြီးရင် notepad ထဲမှာ
[autorun]
icon=p.ico
open=p.exe
လို့ရိုက်ပါ။။။။။။။
ပြီူးရင် .inf) လို့ Save လုပ်ပါ။ ဥပမာ။။။ Disk.inf
ပြီးရင် icon လေးတစ်ခုနဲ့ ခုနကရေးထားတဲ့ inf လေးကို ကော်ပီကူးထည့်လိုက်ပါ။ ပြီးရင် Stick လေးကိုဖြုတ်ပြီးပြန်တပ်လိုက်ပါ။ iconလေး ချိန်းနေ
တာကိုတွေ့ရမှာပါ။ heardisk ထဲမှာဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါ။။။
=================================================================================
ရေးချင်တာတွေ အများကြီးပဲ … (စိတ်)အခြေအနေအရရော၊ အချိန်ကြောင့်ပါ ခဏစိတ်လျှော့ထားရတယ်။ ဒါပေမယ့် IT ခေတ်မှာ tutorials တွေ၊ trick တွေကိုသာ အချိန်နည်းနည်းဆွဲလို့ရပေမယ့် သတင်းကိုကျတော့ ဆွဲထားလို့ မကောင်းဘူးဗျ။ အလကား ဖြစ်သွားရော။ (ဒါတောင် တော်တော်ကြီးနောက်ကျနေပြီ။ ကောင်းတာလေးတွေ ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမှာလေးတွေ လိုက်ရှာနေလို့ အခုမှ ရေးဖြစ်တာ)။ သိပြီးကြလောက်ပါပြီး Adobe ကနေပြီး Creative Suite 5 တွေ ထွက်လာပြီ။ CS 5 တွေပေါ့ဗျာ။ ကျနော်ကတော့ အထူးသဖြင့် photoshop ကိုပဲ အရင်တင်ပေးမယ်နော်။ အားအသာဆုံး အပိုင်းလည်းဖြစ်လို့ပါ။ နောက်ပြီး CS 4 portable သုံးပြီးနောက်မှာ simple installer ကို သုံးကို မသုံးဖြစ်တော့ဘူး။ file size က အရမ်းကြီးကွာလွန်းတဲ့အပြင် အားနည်းချက် ဘာမှ မရှိတဲ့ CS 4 portable ကြောင့် သူမှသူပဲ သုံးဖြစ်တော့တယ်။ (အဲဒီတုန်းက CS4 installer က 1.2GB ရှိပြီး portable က ဇစ်ချုံ့ထားရင် 58MB သာ ရှိပါတယ်)။ အခုလည်း CS5 installer က 1.30 GB ရှိပြီး၊ portable က 120MB ပဲရှိပါတယ်။ သူ့အကြိုက်နဲ့သူမို့ အားလုံးအဆင်ပြေအောင် နှစ်ခုလုံးရှာပေးလိုက်ပါတယ်။ သူ့အခင်းအကျင်းလေးကိုလည်း ကြည့်ပါဦး။ photoshop ရဲ့ Layout ကို real အတိုင်း ခင်းပြထားတာပါ။ စိတ်ဝင်စားစရာပဲ ….
Photoshop CS5 ကို Adobe က ပုံနဲ့တကွ အားသာချက်တွေ ပြထားတယ်ဗျ။ အောက်ကပုံကိုနှိပ်ပြီး ကြည့်လိုက်ပါဦး …
သူတို့ပြောတဲ့ CS5 ရဲ့ အားသာချက်တွေပေါ့ ….
Overall product features
• Revolutionary new features, a fluid user experience, and improved access to the unrivaled power of Photoshop
• A more intuitive user interface and new nondestructive editing features that put you in control, including the new Adjustments and Masks panels
• New and revolutionary Content-Aware Scaling, advanced auto-blending that extends depth of field, and industry-leading editing and compositing with reengineered color-correction tools
• Significant productivity enhancements that provide increased flexibility and enable you to leverage the power of today’s faster graphics processors
• Breakthrough 3D editing and compositing capabilities and improved video controls to dramatically expand your creative options
• Comprehensive image analysis with enhanced measurement and counting tools, as well as support for DICOM images and MATLAB processing routines
New and enhanced features:
Unrivaled editing
• Adjustments panel for live, nondestructive image adjustment
• Masks panel for creating editable, feathered, density-controlled masks
• Content-Aware Scaling
• Enhanced auto-blending of images
• Enhanced auto-alignment of layers
• 360-degree panoramas
• Extended depth of field
• Better raw image processing
• Enhanced expert retouching
Increased productivity
• Smoother panning and zooming and fluid canvas rotation
• Industry-leading color correction with reengineered Dodge, Burn, and Sponge
• Efficient file management with new Adobe Bridge CS4
• Tighter integration with Adobe Photoshop Lightroom®
• Adobe Kuler™ for color harmony creation and sharing
• N-up and multiple document view
• More powerful printing options
• Superior performance on very large images
• Multi-Touch support on Mac laptops
• Adobe Community Help
Breakthrough 3D, motion graphics, and image analysis
• Direct painting on 3D objects
• Easy conversion from 2D to 3D
• Editable 3D properties (scene, materials, meshes, lights)
• High-quality output with new ray-tracing rendering engine
• 2D and 3D image compositing
• 3D object animation
• 3D/video support
• New, high-performance, nonmodal 3D engine
• Volume rendering
• Single-key shortcuts for editing motion graphics
• Preview and export of audio content and frame comments
• Quantitative data extraction
• Enhanced Count tool
ကိုင်ပိုင်လင့်ကတော့ မတင်ပေးတော့ဘူး သူများရှယ်ထားတာပဲ လက်ညှိုးထိုးပေးတော့မယ်။ အဆင်မပြေရင်တော့ ပြောပေါ့။ ဒီတိုင်းဆွဲကြည့်ပါဦး ..
Download Photoshop CS5 portable 122MB (အဆင်မပြေကြဘူးဆိုလို့ ကိုယ်ပိုင်လင့်က ပြန်တင်ပေးလိုက်ပါတယ်။ ဘလော့ရေးသူများ ပြန်ရှယ်ချင်ရင် ဒေါင်းလုပ်ချ၊ အခြားတစ်နေရာမှ ပြန်တင်ပြီးမှ ရှယ်ကြပါ။ sever နှင့် ပြဿနာ မတက်ရေးအတွက် hotlink မလုပ်ရင် မေတ္တာရပ်ခံပါတယ်)
Download Photoshop CS5 1.30 GB (လင့်အားလုံးကို ဒေါင်းပြီး မှာ winrar နဲ့ part 1 ကို ဖြည်လိုက်။ သိပြီးသားဖြစ်မှာပါ။ ဒါက ဖိုင်ဆိုဒ်များတော့ မတင်ပေးနိုင်တော့ပါဘူး။ သူတို့ဆီကပဲ အဆင်ပြေရာ ရှာသုံးကြပါ)
အပေါ်က လင့်နည်းလို့ အဆင်မပြေရင် ဒီမှာ katz က ပေးတဲ့ ဒေါင်းလုပ်တွေ… ကြိုက်တာသာ ရှာဒေါင်းပေတော့ …
http://katz.cd/search/photoshop+CS5
နောက်မှ နောက်ဆက်တွဲအနေနဲ့ အားသာချက် အားနည်းချက် ရေးတော့မယ်။ လောလောဆယ်တော့ အဆက်အသွယ် သိပ်မရှိသူတွေကို အသိပေးတဲ့ သဘောပေါ့ … ကျနော်အကြံပေးရရင် portable လေးက မဆိုးဘူးဗျ။ ကိုယ့်ရွှေတွေနဲ့ လိုက်တယ်။ စမ်းကြည့်ပေါ့ … အဆင်ပြေပါစေ
pdf download
Categories: Graphics, Software, all posts ကိုသံလုံငယ်ဆီမှတဆင့်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ ။ ကိုသံလုံငယ်အား အထူးကျေးဇူးတင်ပါတယ်....
Xirrus Wi-Fi Inspector
Picture
ဒါလေး ကတော့ WIFI GPS လေးပေါ့ Wirless နဲ့ Internet သုံးနေသူတွေအတွက်အဆင်ပြေမယ်ထင်ပါတယ်။
Computer Clean
Picture
 ကျွန်တော်တို့တွေက ကွန်ပြူတာကို သုံးပဲသုံးကြတာဗျ။ တော်ရုံတန်ရုံကို သန့်ရှင်းရေး မလုပ်မိကြဘူး။အဲဒီအခါမှာ ဘာတွေဖြစ်သလဲဆိုတော့ Temp% Temp%,Recent, Prefect ဆိုတဲ့ ဖိုင်တွေများလာတယ်။ အဲဒါတွေ အထဲမှာ virus တွေ ခိုအောင်းလာတယ်။ Computer Window သက်တမ်းလေးလဲ ကြာလာတော့ Error အမျိုးမျိုး Virus အမျိုးမျိုးတွေက ဒုက္ခပေးတော့တာပဲ။ Window Error ပေးတော့ Virus Software တွေက ကောင်းကောင်း မRun ကြတော့ဘူးလေ။ အဆိုးဆုံးကတော့ လုံးလုံး Window မတက်တော့ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ ဖိုင်တွေ ကုန်ကော။ အဲဒီတော့ သန့်ရှင်းရေးကို တစ်လကို (၂) ကြိမ်လောက်တော့ လုပ်ပေးစေချင်တယ်ဗျ။ မပင်ပန်းပါဘူး။ window key + R လို့ နှိပ်ပါ။ Run Box ပေါ်လာရင် Temp လို့နှိပ်လိုက်ပါ။ အဲဒီဖိုင်တွေ အားလုံးကို Ctrl+ A နှိပ်ပြီး select ပေးပါ။ Shift+ Del နှိပ်ပါ။ အဲဒီလိုမျိုးပဲ
%Temp%
Recent
Prefect  ဆိုတဲ့ file လေးတွေကို အကုန်ဖျက်ပစ်လိုက်ပါ။ အကုန် delete လုပ်လို့ ဘာမှ မဖြစ်ပါဘူး။ ဒီလိုဆိုရင်တော့ သင့်ကွန်ပြူတာလေး အရင်ထက် ပိုမြန်လာပြီး Error တက်ခြင်း နည်းပါးလာပါလိမ့်မယ်။ သိသလောက် နားလည်သလောက်သာ ပညာဖြန့်ဝေနေခြင်း ဖြစ်ပါတယ်။ လိုအပ်ချက်များကို ပညာရှင်များ တွေ့ရှိပါက နားလည်ပေးကြပါရန် မေတ္တာရပ်ခံရခြင်း ဖြစ်ပါတယ်။
Picture
Gmail [email protected]
RSSRSS Bookmark and Share
ဝင်ရောက်လေ့လာသူပေါင်း
Picture
လက်ရှိရေးချင်တဲ့ပို့စ်က Windows 7 အတွက် Activation ဖြစ်စေမယ့် program တစ်ခု တင်ပေးဖို့ပါ။ ကျနော် ဒါတွေ မလုပ်ချင်တော့ဘူးဗျာ … ဒါပေမယ့် တော်တော်များများက အခက်အခဲဖြစ်နေတယ်။ ပတ်ဝန်းကျင်မှာကို လှမ်းလှမ်းတောင်းခံရတာ နေ့တိုင်းလိုလို။ ဒီတော့ ကျနော့်ပတ်ဝန်းကျင်ထက် ဒုက္ခ ရောက်မယ့် နေရာတွေအတွက် ကူညီပါ့မယ်။ မူပိုင်ခွင့် ဘာညာမတိုင်ခင်ထိပေါ့။ :)
အခု တင်ပေးမယ့် ဖိုင်လေးက CW လို့ အတိုကောက် နာမည်ပေးထားတယ်။ version ဘာညာ ပြောမနေမတော့ဘူး။ လက်ရှိ အခြေအနေအထိ ရှိနေသမျှ windows 7 အားလုံးအတွက် 100% အဆင်ပြေတယ်။ အရမ်းလွယ်ပြီး အန္တရာယ်ကင်းတယ်။ ဒီလောက်ဆို ကျနော့်စာဖတ်သူတို့ သဘောပေါက်လောက်ပါပြီ။ အောက်မှာ ဒေါင်းလိုက်ပါ။ အသုံးပြုပုံထိ ဆက်ပြောပါ့မယ်။
Download ==> Windows 7 Activator …. (CW)
သူ့ကို ဒေါင်းပြီး winrar နဲ့ ဖြည်လိုက်။ .exe ဖိုင်တစ်ခုထဲ တွေ့လိမ့်မယ်။ run လိုက်ရင် အောက်က ပြထားတဲ့ပုံအတိုင်း ပေါ်လာလိမ့်မယ်။
ပုံမှာ ပြထားတဲ့အတိုင်း APPLY ကို နှိပ်ပေးလိုက်။ သူ့ဘာသာဆက်လုပ်ပြီး restart ချသွားလိမ့်မယ်။ ပြန်တက်လာရင် activate ဖြစ်နေပါပြီ။
အကယ်၍ သူ့ကို သုံးခဲ့ပြီးသား (သို့) အခြား activator တစ်ခု သုံးပြီးသားဆိုရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း APPLY အစား REVERT လို့ ပေါ်နေပါလိမ့်မယ်။
အဲဒါဆိုရင်လည်း REVERT ကိုသာ နှိပ်ပေးလိုက်ပါ။ ရှိပြီးသား activator ကို uninstall လုပ်ပြီး restart ချသွားပါလိမ့်မယ်။ windows ပြန်တက်လာရင် နောက်တစ်ခါ ပြန် run ပြီး APPLY ပြန်နှိပ်ပေးလိုက်ပါ။ Activate ဖြစ်သွားပါလိမ့်မယ်။ (ဒီ software ကို သုံးခဲ့ပြီး တစ်ခုခုကြောင့် activate မဖြစ်တော့ရင်လည်း အခုပြောခဲ့တဲ့အတိုင်း REVERT နှိပ်ပြီး uninstall လုပ်၊ ပြီးရင် APPLY သာ ပြန်လုပ် … Activate ပြန်ဖြစ်ရော)။
ကျွန်တော် အသုံးပြုသော Virus Software လေးတွေ
Picture
ကျွန်တော်ကတော့ window တင်ပြီးတာနဲ့ တစ်ခု စလုပ်တာရှိတယ် ဗျ ။ အဲ့ဒါကတော့ Autorun killer ဆိုတဲ့ softare လေးကို အရင်တင်ပါတယ်။ ပြိးရင် Driver တွေတင်တယ်။ အဲ... သတိတော့တစ်ခုထားပါ။ D: ဆိုတဲ့ partationကိုလုံးဝမဖွင့်နဲ့ဦးနဲ့နော်။ ပြီးရင် Kspersky 7.0 လောက်လေးကို သုံးပါတယ်။ အားလုံးပြီးရင် MGY Virus Removal လေးကို Copy ကူးထားတယ်။ တစ်ခုတော့ ၇ှိတယ်နော်
 မိမိ သုံးတဲ့  Stick ကိုတော့ Virus မပါစေနဲ့ပေါ့ဗျာ။ အားလုံးပြီးရင် ကိုယ်သူံးမဲ့ Software လေးတွေ တင်တယ်။ ဘယ်လောက်ဗိုင်းရပ် ကိုက်ကိုက် ပါ ကျွန်တော်ရဲရဲကြီး Virus ပါနေတဲ့  Stick ထိုးရဲပါတယ်။ တစ်ခုတော့ရှိတယ်ဗျ။ စိတ်ထဲမှာမသင်ကာရင်  Explorer မှာ Folder 2
ထပ်ဖြစ်နေတဲ့ Icon လေးကို Click ပါ။ ဘေးမှာ file လေးတွေကျလာပါလိမ့်မယ်။ အဲ့ဒီကနေ Click ပြီးခေါ်ပါ။ ဒါဆိုရင်တော့ Virus ကြောင့် စိတ်ညစ်ရတော့မယ် မထင်ပါဘူး။ လုံးလုံးအဆင်ပြေမယ်လို့တော့ အာမခံခြင်းမဟုတ်ပါ။
Gmail အမြန်ဖွင့်ခြင်း
Picture
ကျွန်တော်တို့တွေ Gmail ကို တစ်ခါဖွင့်တော့မယ်ဆိုရင် တော်တော် ဒုက္ခရောက်ကြတယ်ဗျ။ Connection က ကျ ပြီးတော့ (http://   ) pရဲ့ အနောက်မျာ (S) ထည့် ရနဲ့ အလုပ်ကိုရှုပ်နေတာပဲ။ အဲ့ဒီတော့ ကျွန်တော်က တော့တစ်ခုလုပ်ထားတယ်။ အဲ့ဒါကတော့ Richt click > Shorcut > ကို Click ပါ။ BOX တစ်ခုတက်လာလိမ့်မယ်ဗျ။ ပြီးရင် ဒီစာလေးကို ကော် ပီကူးလိုက်ပါ 
https://www.google.com/accounts/ServiceLogin?service=mail&passive=true&rm=false&continue=https%3A%2F%2Fmail.google.com%2Fmail%2F%3Fui%3Dhtml%26zy%3Dl&bsv=1eic6yu9oa4y3&ss=1&scc=1&ltmpl=default&ltmplcache=2
ပြီး၇င်  ခုနကတက်လာတဲ့ BOX ထဲ ကို Paste လုပ်ပါ။ ok ပေးပါ။ Gmail လို့အမည်ပေးလိုက်ပါ။ ပြီး၇င်အိုကေပေးပါ။ ပြီးရင် Double click နှိပ်ပြီး ဖွင့်ကြည့်လိုက်ပါ။ ပိုမိုမြန်ဆန်စွာ ပွင့်သည်ကိုတွေ့နိုင်ပါလိမ့်မယ်။
Google home page add wallpaper
ကဲသူငယ်ချင်းတို့ရေ အခု Google မှာ ကိုယ်ပိုင်စိတ်ကြိုက် wallpaper လေးတွေ ချိန်းလို့ရပါပြီ။ လွယ်ပါတယ်။။ Google.com လို့ရိုက်ပါ
ပြီးရင် ညာဘက်အောက်ဘက်မှာ Change  Background image ဆိုတာလေးကို Click လိုက်ပါ။ ပြီးရင်Gmail Singin ၀င်ဖို့တော့လိုအပ်
ပါတယ်
Picture
Sing In ၀င်ပြီးရင်တော့ စိတ်ကြိုက်ပုံကို ချိန်းနိင်ပါပြီး ။ ပုံချိန်းပြီးရင် ယင်းလင့်အား Tools >Options >General >Home page မှာ copy ကူးထားတာလေးကို ထည့်လိုက်ပါ။။ အားလုံး နှစ်သက်ကြမယ်ထင်ပါတယ်ခင်ဗျာ။။။
Picture
portable google talk
Picture
portable google talk လေးပါ  install တင်စရာလဲ မလိုသလို stick ထဲလဲထည့်သူံးလို့ရလို့တော်တော်လေးအဆင်ပြေပါတယ်.။
ဒါမျိုး portable ဆော့ဝဲလေးတွေတင်နိင်အောင်လဲကျွန်တော်ကြိုးစားပါ့မယ်ခင်ဗျာ.....
portable_googletalk.exe
File Size: 4124 kb
File Type: exe
Download File
All format Total video converter
Picture
ဒါလေးကတော့ Format အားလုံးကိုပြောင်းပေးနိင်တဲ့ software လေးပါ။ ကျွန်တော်တော့တော်တော်လေးကို နှစ်သက်ပါတယ်
သူငယ်ချင်းတို့လဲလိုအပ်ရင်ဒေါင်းလော့ဆွဲလိုက်ပါနော်။ Exam ဖြေနေရလို့ post အသစ်မတင်ပေးနိင်သေးတဲ့အတွက်တောင်းပန်ပါတယ်ခင်ဗျာ။
Download link :__
 http://download.cnet.com/Total-Video-Converter/3000-2194_4-10429299.html
Gigabyte Booktop M1022 (US- 299$)
Picture
Netbook လေးပါ ။ ဈေးလေးကလည်းသက်သာတယ်။ ပစ္စည်းလေးကလည်းသုံချင်စရာလေးလေ။ အရွယ်အစားကတော့ 10.3 လက်မပါ။
သေးသေးလေးတွေကြိုက်တဲ့လူတွေအတွက်တော်တော် အဆင်ပြေတဲ့ပစ္စည်းလေးပါ။ျ
-HDD          -260
-USB          -3port
-Moden      -1port
-wifi
-bluetooth
-VGA out poart
-web camera  -- builtin 1.3 camera
- Intel(R) atom(TM) CPU N 280  @ 1.66GHz (2CPU s)
- 1 years warranty
စသည်တို့ပါဝင်ပါတယ်။။။။။ လူငယ်များအနေနဲ့တော့ တော်တော်လေး အဆင်ပြေတဲ့ netbook လေးပါ။ window (xp) / window (7) အသုံးပြုလို့ရပါတယ်ခင်ဗျာ.....
MGY virus removal
Picture
Double click နှိပ်ပြီး၇င် restart တောင်းပါလိမ့်မယ် ။ပြန်တတ်လာရင်ဗိုင်းရပ်သေသွားပြီးဖြစ်ပါတယ်.......ဗိုင်းရပ်သတ်မဲ့ stick တွေ ကိုဂျိုင်းပြီး
double click နှိပ်လိုက်ပါ..။။။။။အားလုံးအဆင်ပြေကြပါစေခင်ဗျာ.......
mgyvirusremoval.exe
File Size: 378 kb
File Type: exe
Download File
တိုးတိုးလေးပြောမယ်နော် (Proxey) ဟေ.။............   :)
Picture
ကဲသူငယ်ချင်းတို့ ရေ မကြားတစ်ကြားလေးတိုးတိုးလေး နဲ့ အားလုံးသိအောင် ပြောမယ်နော် ။ အခု က Website တွေကိုကြည့်ရင် ဟိုကပိတ်ဒီကပိတ်နဲ့ ဘာကိုမှကြည့် ရတယ်လို့ကို မရှိဘူး။ ဒီကြားထဲဘလော့သမားတွေကလည်း သူတို့ဆိုက်လေးတွေကို ကြည့်ခြင်ပေမည့် ပိတ်ထားတော့ ဘယ်သူမှဝင်မကြည့်ဖြစ်ကြတော့ဘူး ။အခုတော့ ကျွန်တော်မှာအဆင်ပြေတာလေး တစ်ခု တွေ့ထားတယ်။
တိုးတိုးလေး ပြောမယ်နော် (proxey) လေးတစ်ခုပေါ့ ။ ကျွန်တော်တော့ ဒါလေးနဲ့ အဆင်ပြေတယ်ဗျ။ Blog တွေလဲကြည့်လို့ရတယ်။ တစ်ခြားပိတ်
ထားတဲ့ဆိုက်တွေလဲ ကြည့်လို့ရတယ် ။ ပြီးတော့ ဒီ proxey ကမလေးဘူးလေး။ဒါကြောင့်သူငယ်ချင်းတွေကို မျှလိုက်ပါတယ်။ တိုးတိုးတော့ပြော
ကြနော် ။ ကြားသွားလို့ ဒီ proxey ပါအပိတ် ခံနေရအုန်းမယ်။ ဆောရီး လေနဲနဲ ရှည်သွားတယ်။
212.93.193.88   (poart ) ကတော့ 443 ပါ။.........
Solution For MGY.EXE (mgy.exe သတ်နည်း)
Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။
mgy.exe တွေ့ရတဲ့နေရာတွေကတော့ C: , C:Windows , C:Windowssystem32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။
သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။
သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့ Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ တင်ပေးထားပါတယ်။
ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။
task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။
task Killer
Comfirmations မှာ No confrimation ကိုရွေးပါမယ်။
အရိုးခေါင်းကို နှိပ်ကြည့်လိုက်ရင် windows မှာ run နေတဲ့ process တွေကို တွေ့ပါလိမ့်မယ်။
4.jpg
အနီနဲ့ ပြထားတာတွေကတော့ Mgy.exe နဲ့ သူ့ရဲ့ အနွယ်အပွားတွေဖြစ်ပါတယ်။
အဲဒီ process တွေကို လိုက် ကလစ်လိုက်ပါ။ List ထဲမှာ မပြတော့တဲ့အထိ (လိုအပ်ရင်) ထပ်ခါထပ်ခါ လိုက်ပိတ်ပါ။
အနီပြထားတဲ့ .exe တွေမရှိတော့ရင် iRepairman.exe ကို Run လိုက်ပါ။
Repair1.jpg
Repair All Settings ကိုနှိပ်ပေးပါ။ Hidden ဖြစ်နေတဲ့ mgy.exe နဲ့ autorun.inf တွေပေါ်လာပါလိမ့်မယ်။ တကယ်လို့မရရင် foldersettings.reg ကို Run ပေးပါ။ ပြီးသွားရင် mgy.exe နဲ့ autorun.inf တွေကို လိုက်ဖျက်လိုက်ပါ။ C: , C:Windows , C:WindowsSystem32 နဲ့ အခြားသော Partation တွေမှာပါ လိုက်ဖျက်ပေးပါ။ ပြီးရင် address bar ကတဆင့် C:WINDOWSsystem32{271287-000021-100287-705016} ကိုသွားပြီး အဲဒီထဲက ဖိုင်တွေ အားလုံးဖျက်ပစ်ပါ။
သတိထားရမှာကတော့ ဒီနေရာမှာ C: , D: တို့ကို ၀င်တဲ့အခါ double click မသုံးမိဖို့ပါပဲ။ double click အစား Right click ကနေ Explorer ကို သုံးပေးပါ။
နောက်တဆင့် အနေနဲ့ CCleaner ကိုဖွင့်ပါ။ Tools > Startup ကိုသွားပါ။ cc.jpg
အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။
Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ Local Security Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲ့ Create New Policies ကိုရွေးပေးပါ။
pol1.jpg
Enforcement ကို Double click ပေးပါ။ All users except local administrators ကိုရွေးပေးပါ။ ပြီးရင် Apply လုပ်လိုက်ပါ။ စက်ကို Restart လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။
pol2.jpg
အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။
reader တစ်ယောက် (KO MOe) comment မှာ ပြောသွားလို့ တွေ့တဲ့ software လေးပါပဲ။ win2flash တဲ့။ ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ usb bootable ဖြစ်ဖို့အတွက် အတော်များများ အဆင်မပြေသေးတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပဲ တော်တော်လွယ်နေပြီးသား software ကို ပေတွေရှည်ပြီး ရှင်းပြပါ့မယ်။ Windows XP, Vista, 7 အားလုံးအတွက် အဆင်ပြေပါတယ်။ ဘာမှ လုပ်ပေးစရာမလိုအောင်ကို လွယ်တာပါ။ ကြည့်ကြည့်ရအောင် …
Download Novicorp WinToFlash 0.6.0005
portable ဖြစ်လို့ ဒေါင်းလုပ်ချပြီး ဇစ်ဖြည်လိုက်တာနဲ့ WinToFlash.exe တွေ့ရမှာပါ။ သူ့ကို Double-Click နှိပ်လိုက်တာနဲ့ အောက်ကမြင်ကွင်းအတိုင်း မြင်ရမှာပါ။ နှိပ်စရာလည်း တစ်ခုပဲရှိပါတယ်။ process စဖို့အတွက် အဲဒီ အမှန်ခြစ်လေးကို နှိပ်ပါတယ်။
wizard mode နဲ့ Advanced mode ရွေးခိုင်းတာ ဖြစ်ပါတယ်။ (Advanced mode နဲ့ အလုပ်လုပ်ချင်ရင် အပေါ်အဆင့်မှာထဲက wizard အမှန်ခြစ်ကိုမနှိပ်ပဲ အခြား tab ဖြစ်တဲ့ Advanced ကိုနှိပ်ပြီး၊ ဒီ software ရဲ့ အခြားသော features များကို အသုံးပြုနိုင်ပါတယ်)
ဘာမှ မရွေးပဲ Next ပဲ ဆက်ပေးသွားပါ။ ကျနော်တို့က ပုံမှန်အတိုင်း Windows bootable USB လိုချင်လို့ လုပ်နေတာ ဖြစ်ပါတယ်။
ရှင်းရှင်းလေးပဲ ပေါ်လာပါတယ်။ ရွေးပေးရမှာ နှစ်ခု … အပေါ်က windows CD/DVD ထည့်ထားတဲ့ နေရာ၊ အောက်က အသုံးပြုမယ့် flash drive ပေါ့။ CD ခွေကို မိမိ drive မှာ ထည့် ပြီးရင် အပေါ်အကွက်ရဲ့ Browse ကိုနှိပ်ပြီး အဲဒီ drive ကိုရွေးပေးရုံပဲ။ အဲ … netbook တွေကျတော့ drive မပါဘူး။ နောက်ပြီး ကျနော်ဆို iso ဖိုင်တွေပဲ သိမ်းထားတယ် ခွေရိုက်ရင် ပျောက်ကုန်လို့။ အခုလည်း flash drive ကိုသုံးပြီး ၀င်းဒိုးတင်ချင်တာ DVD ထပ်မ burn ချင်တော့ဘူးလေ။ အဲဒါမျိုးတွေအတွက် vitural drive ကို အသုံးပြုနိုင်ပါတယ်။ Demon tool (သို့) Magic Disc တို့ဟာ နာမည်ကြီး Vitural Drive freeware တွေ ဖြစ်ပါတယ်။ (Demon tool က normal mode နဲ့ free သုံးလို့ရပါတယ်။ upgrade လုပ်မှ ပိုက်ဆံပေးရတာပါ။ ကျနော်တို့လုပ်မယ့် ကိစ္စလောက်နဲ့တော့ free ရပါတယ်။ Magic Disc ကတော့ free) ဒါလည်း ဘာမှ မခက်ဘူး။ (vitural drive မသုံးဘူးသေးသူတွေအတွက်ပါ) magic disc ဆိုကြပါစို့ Install လုပ်ပြီးရင် taskbar မှာ သူ့ icon ပေါ်ပါပြီ။ click နှိပ်ပြီး Mount ကို နှိပ်ပါ။ (vitural drive software တွေက ခွေထည့်တာကို mount လို့ခေါ်ပါတယ်) mount ရဲ့ ဘေးမှာ drive အတုရဲ့ နံပါတ် နဲ့ no media ဆိုပြီး ပေါ်လာလိမ့်မယ်။ (ဥပမာ – F: no media) အဲဒါကိုနှိပ်ပြီး မိမိရဲ့ iso ဖိုင်ရှိတဲ့ နေရာရွေးပေးလိုက်။ ခွေထည့်လိုက်တာနဲ့ တူတူပဲ ဖြစ်သွားပါပြီ။ WinToFlash ရဲ့ အပေါ်ကွက် browse ကိုနှိပ်ပြီး အခု ခွေထည့်ထားတဲ့ drive ကိုရွေးပေးပါ။
ဒုတိယ အကွက်ဖြစ်တဲ့ မိမိအသုံးပြုမယ့် flash drive ကို ရွေးပေးပြီးတဲ့အခါ Next ကိုနှိပ်ပြီး စနိုင်ပါပြီ။ % တွေ ပြပြီး သူ့ဘာသာ ဆက်လုပ်သွားပါလိမ့်မယ်။ (နည်းနည်းလေး ကြာတာတစ်ခုပဲ အားနည်းချက်ရှိတယ်) တော်တော်ကောင်းပါတယ်။
100% complete ဖြစ်သွားရင် ခွေထုတ်၊ flash drive ဖြုတ်ပြီးရင် မိမိဝင်းဒိုးတင်ချင်တဲ့ စက်မှာ တပ်ပြီး restart ချ၊ boot ယူလိုက်ရုံပဲ ဖြစ်ပါတယ်။ ၀င်းဒိုးတင်တဲ့ အဆင့်တွေကတော့ ဒီခေတ်မှာ ပြောစရာ မလိုလောက်တော့ဘူးထင်ပါတယ်။ (လိုတဲ့လူတွေအတွက် နောက်မှ ရေးပေးပါ့မယ်)
ကျနော် အရင် Vista နဲ့ 7 အတွက် ရေးခဲ့တယ်။ အဲဒီမှာ ဒီ software ကို reader တွေရဲ့ comment က တစ်ဆင့်သိရတာပါ။ တော်တော်လေး အဆင်ပြေတာ ဖြစ်လို့ အခြားသူတွေကိုပါ ထပ်ပြောပြတဲ့ သဘောပါ။ အရင်ကလည်း ရှိခဲ့ဘူးတယ်။ rapid share auto downloader အကြောင်း ကျနော်ရေးတော့ free rapid downloader က ပိုကောင်းတယ်ဆိုပြီး ကွန်မန့် ပေးပါတယ်။ တကယ်ပါပဲ သူပြောတဲ့ software က ကျနော်ရေးတာထက်တောင် ပိုကောင်းနေသေးတယ်။ အဲဒါမျိုးတွေ အတွက်လည်း ကြိုဆိုပါတယ်။ ကျနော်က စာရေးနေလို့ ကျနော်ပြောတာတွေချည်းပဲ သက်သက် ဖတ်ရမယ်လို့ မဟုတ်ဘူးလေ။ ဒီလောက်မြန်ဆန် တိုးတက်နေတဲ့ ခေတ်ကြီးမှာ တစ်ယောက်ထဲအားနဲ့ ဘယ်လောက် များများ သိနိုင်မှာမို့လဲ။ အဲဒါကြောင့် အားလုံးကို ကြိုဆိုပါတယ်။ ကျနော့်ကို ကူညီပြီး ပြောပေးတာ လူအများကြီးကို ကူညီတာပါပဲ။ ကျေးဇူးတင်ပါတယ် ကိုမိုး …. ကျေးဇူးတင်ပါတယ် စာဖတ်သူတို့ … အဆင်ပြေပါစေ ……..
(ကို သံလုံငယ် ဆီမှတဆင့်ကူယူတင်ပြထားခြင်းဖြစ်ပါတယ်။။ကိုသံလုံငယ်အား အထူးကျေးဇူးတင်ပါကြောင်း....) ၀လုံးလေး
i-gotU GPS
Picture
ဒါလေးက တော့ GPS အသစ်လေးပါ ပစ္စည်းသေးသေးလေးတွေနှစ်သက်သူတွေအကြိုက် ပေါ့ ။ FEC 80လောက်တော့ ကျမယ်ထင်တာပဲ။
ကျွန်တော်ကတော့စမ်းပြီးသူံးကြည့်နေတာ တော်တော်လေးအဆင်ပြေတယ်။ ဒါလေးဝယ်ဖြစ်ခဲ့ရင်တော့ ကောင်မလေးတွေမသိစေနဲ့နော် ...
ရှော့ရှိတယ်...ဟိဟိ..:)
Nano ipod
Picture
ဒီ nano ipod လေးဟာ ဈေးလည်း တော်တော်လေး သက်သာပြီးတော့ တော် တော် လေး ခေတ်ဆန်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်တယ်။
တန်ဖိုးကလည်း 25000 နှင့် 30000 ကြားသာ ရှိပါတယ်။ Faction အနေနှင့် Music, Video, Camer, Video camer, Radio, တို့ပါဝင်ပါတယ်။ဒါ့ အပြင်ကို သူက လက်ပွတ်စနစ်ဖြစ်ပြီး Screen ကလည်း 360 ဒီဂရီ လိုသလို Screem ကို အသုံး ပြုနိင်ခြင်းကြောင့် ခေတ်နှင့်အညီအသစ်အဆန်းလေးဖြစ်ပါတယ်။ Camera ကလည်း MPX2.0 ပါ ပါတယ်။ နှစ်သက်လို့ဝယ်ချင်တယ်ဆိုရင်တော့ လှည်းတန်းနှင့် အခြားသောနေရာများတွင် ရရှိနိင်ပါသည်။
Microsoft မှ Windows ရှိပြဿနာများကို ဖြေရှင်းနိုင်သော tool အသစ်တစ်ခုကိုထုတ်လုပ်
Picture
Microsoft မှ Fix it Center ဟုခေါ်သော အွန်လိုင်းနှင့် PC အခြေပြု tool တစ်ခုကို စမ်းသပ်စစ်ဆေးလျက်ရှိပြီး ၎င်း tool ဟာ Windows အတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Microsoft ၏ Fix it Center ဟာ Windows 7 ရှိ diagnostics ကို ပိုမိုကောင်းမွန်စေပြီး Windows XP နှင့် Windows Vista တို့ရှိ Setting နှင့်ဆင်တူကြောင်း သိရှိရပါတယ်။ Microsoft ၏ tool အသစ်ဟာ beta version အနေဖြင့်သာရှိပြီး download ပြုလုပ်၍သော်လည်းကောင်း အွန်လိုင်းချိတ်ဆက်၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ထို Fix it Center ဟာ ကွန်ပျူတာအတွင်းရှိ ပြဿနာအရပ်ရပ်ကို အလိုအလျောက် ရှာဖွေပြင်ဆင်ပေးနိုင်သလို ပြဿနာအသစ်များ ထပ်မံမဖြစ်ပွားရန်လည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။ Fix it Center ဟာ Windows XP, Windows Vista နှင့် Windows 7 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်သလို Windows Server 2005 (Service Pack 2) နှင့် Windows Server 2008 တို့တွင်လည်း အသုံးပြုနိုင်ပါတယ်။ Windows XP အနေဖြင့် Service Pack 3 နှင့် 64-bit version Service Pack 2 တို့တွင်သာ အသုံးပြုနိုင်မှာဖြစ်ကြောင်း Microsoft မှပြောကြားခဲ့ပါတယ်။ 
Google မှ Gmail အတွင်း update feature ထည့်သွင်းမှုများပြုလုပ်
Picture
Google ဟာ Gmail အတွင်း အသုံးတည့်စေမယ့် update များကိုပြုလုပ်လျက်ရှိရာ မကြာမီရက် ပိုင်းအတွင်း drag-and-drop attachment-feature နဲ့ Gmail peek mode feature နှစ်ခုကို ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ပထမ feature ကတော့ drag-and-drop attachment feature ဖြစ်ပါတယ်။ ဒီ feature ဟာ ကွန်ပျူတာအတွင်းမှဖိုင်များကို drag လုပ်ကာ အီးမေးလ်မက်ဆေ့ခ်ျများအတွင်း upload ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ၎င်းဟာ Google Wave မှာ ထည့်သွင်းပေးထားတဲ့ feature နဲ့တူညီပြီး Google Chrome ဒါမှမဟုတ် Firefox3.6 ရှိဖို့လိုအပ်ပါ တယ်။ အသုံးပြုပုံကတော့ harddrive ထဲရှိဖိုင်ကို drag လုပ်ပြီး compose menu မှာရှိတဲ့ အစိမ်း ရောင် box အတွင်းသို့ drop လုပ်ကာပြုလုပ်နိုင်ပါတယ်။ နောက်ထပ် feature တစ်ခုကတော့ မက်ဆေ့ခ်ျများကို pop-up preview အဖြစ်ကြည့်ရှုနိုင်စေမယ့် feature ဖြစ်ပါတယ်။ ဒီ feature ကို Gmail ရဲ့ Labs setting တွင်ဖွင့်ကာအသုံးပြုနိုင်ပြီး ကီးဘုတ်မှ H ခလုတ်နှိပ်၍လည်းကောင်း၊ မက်ဆေ့ခ်ျပေါ်တွင် right-click ဖြင့်လည်းကောင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ feature ဟာ resolution နိမ့်တဲ့ Netbook screen တွေအတွက် ပိုမိုသင့်တော်စေပြီး inbox အတွင်းရှိ မက်ဆေ့ခ်ျတစ်စောင်ချင်းစီကို ဖွင့်ကြည့်စရာမလိုတော့ဘဲ preview အဖြစ် ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ Peek တစ်ခုချင်းစီမှာ "mark as unread" ခလုတ်ပါဝင်တာကြောင့်လည်း မက်ဆေ့ခ်ျတစ်ခုလုံးကို ဖွင့်စရာမလိုဘဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
HTC HD2
Picture
HTC HD2 ရဲ့ဒီဇိုင်းဟာ အခြားဖုန်းများနဲ့မတူဘဲ နှစ်သက်ဖွယ်ကောင်းတာကို တွေ့ရပါတယ်။ အရွယ်အစားကတော့ အလျား ၄.၇၄ လက်မ၊ အနံ ၂.၆၄ လက်မ၊ အထူ ၀.၄၃ လက်မဖြစ်ပြီး အလေးချိန်
ကတော့ ၅.၅၄ အောင်စဖြစ်ပါတယ်။ အခြားဖုန်းများထက် အရွယ်အစားကြီးမားတာကြောင့် အိတ်ကပ်ထဲထည့်တဲ့အခါ အခက်တွေ့နိုင်ပြီး ဖုန်းပြောဆိုမှုများ ပြုလုပ်တဲ့အခါမှာလည်း အသေအချာကိုင် ထားဖို့လိုပါတယ်။ Display အနေဖြင့် ၄.၃ လက်မအရွယ် touch screen တပ်ဆင်ပေးထားပြီး WVGA (480x800) resolution ဖြင့် အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို၊ ၀က်ဘ်ဆိုက်များနဲ့ မက်ဆေ့ခ်ျများကိုအသုံးပြုရာမှာ လွယ်ကူစွာကြည့်ရှုအသုံးပြုနိုင်ပြီး virtual ကီးဘုတ်ကို အသုံးပြုတဲ့အခါမှာလည်း screen အရွယ်အစားကြီးမားတာကြောင့် အလွယ်တကူ အသုံးပြုနိုင်စေပါတယ်။ built-in accelerometer ပါဝင်တာကြောင့် virtual ကီးဘုတ်ကို landscape, portrait ဖြင့်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် proximity sensor ပါဝင်တာကြောင့်လည်း ဖုန်းပြောဆိုနေစဉ်အတွင်း မှားယွင်းနှိပ်မိခြင်းမျိုးမဖြစ်စေရန် ကာကွယ်ပေးနိုင်ပါတယ်။ screen ရဲ့အောက်ဘက်မှာတော့ talk ခလုတ်၊ end ခလုတ်၊ home ခလုတ်၊ start menu shortcut ခလုတ်၊ back ခလုတ်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ဘေးဘယ်ဘက်မှာတော့ volume rocker ခလုတ်ကိုတွေ့ရမှာဖြစ်ပြီး ၃.၅ မီလီနားကြပ်နဲ့ Micro-USB ကိုတော့ ဖုန်းရဲ့အောက်ခြေဘက်တွင် တွေ့ရမှာ ဖြစ်ပါတယ်။
Features
HTC HD2 မှာ Windows Mobile 6.5 ကိုအသုံးပြုထားတာကြောင့် Microsoft Office Mobile Suite, Internet Explorer, Windows Media Player အပြင် Windows Marketplace နဲ့ Microsoft My Phone Backup ၀န်ဆောင်မှုတို့ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် HTC sence ဖြင့်လည်း အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ Wi-Fi, Bluetooth, GPS တို့ပါဝင်ပေမယ့် 3G ဖြင့် အသုံးပြုနိုင်ခြင်းမရှိပါဘူး။ အခြား feature များကတော့ speakerphone, speed dial, smart dialing, voice commands, conference calling, text and multimedia messaging စသည်တို့ ပါဝင်လာပါတယ်။ သီချင်းများကို နားထောင်နိုင်ရန်အတွက် media player ပါဝင်ပြီး ကင်မရာအနေဖြင့် 5 mega pixel ကင်မရာ တပ်ဆင်ပေးထားပါတယ်။ ၎င်းကင်မရာကို autofocus, dual LED flash အပြင် ဗီဒီယိုများကိုလည်းရိုက်ကူးနိုင်ပြီး ပုံရိပ်ရဲ့အရည်အသွေးကို အကောင်းဆုံးရရှိစေပါတယ်။
Performance
HTC HD2 ကို quad-band (GSM 850/ 900/ 1800/ 1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ခေါ်ဆိုမှုအရည်အသွေးဟာ ကောင်းမွန်ပြီး နောက်ခံဆူညံမှု အနည်းငယ်ရှိပေမယ့် စကားပြောဆိုမှုများကို ကြည်လင်ပြတ်သားစွာ ကြားနိုင်စေပါတယ်။ Wi-Fi ဖြင့်အသုံးပြုတဲ့အခါ YouTube မှဗီဒီယိုများကို စက္ကန့်အနည်းငယ်အတွင်း ဖွင့်ပေးနိုင်တာကိုတွေ့ရပါတယ်။ Memory အနေဖြင့် 512MB ROM/ 448MB RAM နဲ့ micro SD card slot မှတဆင့် 32GB အထိ အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာအနေနဲ့ 1GHz Snapdragon ပရိုဆက်ဆာကို တပ် ဆင်ပေးထားပါတယ်။ ဒါကြောင့် application အမြောက်အမြားဖြင့် အသုံးပြုတဲ့အခါ အနည်းငယ် ကြန့်ကြာတာကလွဲပြီး ဘာပြဿနာမှမရှိတာကို တွေ့ရပါတယ်။ ဘက်ထရီအနေဖြင့် 1230 mAh lithium-ion ဘက်ထရီကို တပ်ဆင်ပေးထားပြီး စကားပြောဆိုမှု အတွက် ၆ နာရီကြာအသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ရက် ၂၀ ကြာအသုံးပြုနိုင်ပါတယ်။
Asus UL50VT-RBBBK05
Picture
Nvidia ရဲ့ပြောင်းရွှေ့နိုင်တဲ့ဂရပ်ဖစ်၊ ပါးလွှာတဲ့ကိုယ်ထည်နဲ့ ကောင်းမွန်တဲ့ ဘက်ထရီသက်တမ်းတို့ဟာ Asus Ul50VT-RBBBK05 ရဲ့ ကောင်းတဲ့အချက်လို့ဆိုရမှာပါ။
ဈေးနှုန်းကများပေမဲ့ ပရိုဆက်ဆာရဲ့လှုပ်ဆောင်မှုက ဒီလောက်မမြင့်တာကတော့ ဒီ laptop ရဲ့ မကောင်းတဲ့အချက်လို့ဆိုရမှာပါ။ Asus UL50VT Laptop ရဲ့ စကရင်အရွယ်ဟာ ၁၅.၆ လက်မ အရွယ်ဖြစ်ပါတယ်။ DVD/CD burner ပါရှိပါတယ်။ Nvidia ရဲ့ဂရပ်ဖစ်ကတ်ကို ထည့်ပေးထားပါတယ်။ တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ Asus ဟာ လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲနိုင်တဲ့ ULV နည်းပညာသုံး Core 2 Duo ပရိုဆက်ဆာကို ထည့်ပေးထားပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၂၉ ဒေါ်လာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဒီပမာဏဆိုလျှင် Corei3 အသုံးပြုထားတဲ့ Laptop ကိုဝယ်ယူနိုင်ပါတယ်။ Asus UL50VT ရဲ့အရွယ်ကတော့ အထူတစ်လက်မ၊ အလျား ၁၅.၂ လက်မနဲ့ အနံ ၁၀.၂ လက်မရှိပါတယ်။ အတော်ကိုပါးလွှာတဲ့ Laptop ပါပဲ။ ဒီဇိုင်းပိုင်းမှာတော့ Core i3 ချစ်ပ်ကိုသုံးစွဲထားတဲ့ Asus U50F-RBBAG05 နဲ့တူတယ်လို့ဆိုရမှာပါ။ ၎င်း Laptop ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၄၉ ဒေါ်လာရှိပါတယ်။ Asus UL50VT-RBBBK05 မှာသုံးထားတဲ့ CPU ကတော့ 1.3GHz Intel Core 2 Duo SU7300ULV ဖြစ်ပါတယ်။ Memory ကတော့ 4GB, 1066MHz ဖြစ်ပြီး အမျိုးအစားကတော့ DDR3 ဖြစ်ပါတယ်။ Hard drive ကတော့ 5,400rpm လည်ပတ်နှုန်းရှိတဲ့ 500GB Hard drive ကိုသုံးစွဲထားတာဖြစ်ပါတယ်။ ဂရပ်ဖစ်ကတ်အနေနဲ့ Nvidia Geforce G 220M ကိုထည့်ပေးထားပါတယ်။ ချစ်ပ်အပိုင်းကတော့ Mobile Intel GM45 Express ကို ထည့်ပေးထားပါတယ်။ System ရဲ့အလေးချိန်က AC adapter ပါလာခဲ့လျှင် ၅.၉ ပေါင်လေးမှာဖြစ်ပြီး adapter မပါခဲ့လျှင် ၅.၁ ပေါင်သာလေးမှာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်လျှင်တော့ ဘာမှမဟုတ်သလိုပါပဲ။ ဒါပေမဲ့ ပေါ့ပါးပြီးပါးလွှာမှုက စွဲဆောင်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ အခြားသောပါးလွှာတဲ့ system တွေမှာပါလေ့မရှိတဲ့ optical drive ကိုဒီ laptop မှာတော့ပါဝင်အောင် စီမံပေးထားပါတယ်။ UL50VT မှာ Macbook မှာပါတဲ့ ကီးဘုတ်လိုကီးဘုတ်မျိုးကို ထည့်ပေးထားပါတယ်။ Multitouch, touch pad ဟာ တုံ့ပြန်အားကောင်းပြီး သက်သောင့်သက်သာရှိပါတယ်။ ပါးလွှာတဲ့အတွက် ဘက်ထရီနေရာမှာ ဖုဖောင်းနေမှာလည်း ပူစရာမလိုအောင် ပြုလုပ်ပေးထားပါတယ်။ UL50VT မှာ ပါဝါခလုတ်နှစ်ခုပါရှိတယ်။ ကီးဘုတ်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ခြမ်းတွေမှာပါ။ ၁၅.၆ လက်မရှိ LED စကရင် display ဟာ resolution အားဖြင့် 1,366x768 pixel ဖြစ်ပါတယ်။ ဒီ resolution laptop အများစုရဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီပါတယ်။ UL50VT မှာတော့ စပီကာတွေကို laptop ရဲ့အောက်ဖက်နားလေးမှာ မြှုပ်နှံတပ်ဆင်ထားပါတယ်။ ဗီဒီယိုပိုင်းက VGA-out နဲ့ HDMI ကိုသုံးစွဲပြီး၊ အသံပိုင်းအတွက် စတူဒီယိုစပီကာများနှင့် headphone/microphone jacks တို့ကို ထည့်ပေးထားပါတယ်။ အချက်အလက်တွေ ထည့်သွင်းဖို့နဲ့ multiformat memory card reader နဲ့ USB2.0 သုံးခုကို ထည့်ပေးထားပါတယ်။ Expansion slot မပါဝင်ပါဘူး။ ကွန်ရက်မှာ သုံးစွဲဖို့အတွက်က Ethernet, 802.11b/g/n Wi-Fi တို့ကို ထည့်ပေးထားပါတယ်။ Optical drive အတွက်ကတော့ DVD/CD burner ကို ထည့်ပေးထားပါတယ်။ Geforce ဂရပ်ဖစ်ဟာ ဂိမ်းတွေကို ကောင်းစွာကစားနိုင်စေရန်အတွက် စီမံပေးထားတာဖြစ်ပါတယ်။ Asus UL50VT မှာပါတဲ့ ဘက်ထရီက ဆက်တိုက်သုံးစွဲမယ်ဆိုလျှင် ၄ နာရီနဲ့ ၄၄ မိနစ်အထိ အသုံးခံမှာဖြစ်ပါတယ်။